Thursday, 9 August 2012

ကျောင်းတော်သားများအတွက်- အပိုင်း(၂)

ကျွန်တော်အခုတင်ပြလိုတဲ့Website ကတော့အလွတ်သဘောမျိုး စာရှာဖတ်ချင်တဲ့ သူတွေအတွက် လည်း ရည်ရွယ်ပါတယ်။ဒီဆိုဒ်မှာတော့PdF,PPT,Docဆိုပြီးပါပါတယ်။ကျွန်တော်တို့ကျောင်းတော်သူကျောင်းတော်
သားတွေရဲ့ လိုအပ်ချက်ထဲမှာပါတဲ့ Power Point Presentation အတွက် လိုအပ်တဲ့တင်ပြမှုပုံစံတွေကို ဒီဆိုဒ်မှာတွေ့နိုင်ပါတယ်။ကောက်စားလုပ်ယူရုံဘဲပေါ့ဗျာ။ကိုကရောဂါတစ်ခုကို Presentation ပေးချင်တယ် ဆိုပါတော့ဒီဆိုဒ်မှာ ဝင်ကြည့်ပြီး ဒေါင်းယူလိုက်ယုံပါဘဲ။ဆိုဒ်ရဲ့ လိပ်စာကတော့ http://www.osun.org/ ပါဘဲ။
ဒီပုံမှာပြထားသလိုပါဘဲကိုလိုချင်တဲ့ပုံစံကိုရွှေးပြီးစာရှာလိုက်ယုံပါဘဲ။လွယ်ကူတယ်မြန်ဆန်တယ်။ကျွန်တော် တို့လိုကွန်နက်ရှင်မကောင်းတာကိုအမြဲကြုံနေရတဲ့သူတွေအတွက်တော့အသုံးဝင်တဲ့ဆိုဒ်လေးပါလို့ ပြောပါ
ရစေ။နောက်ထပ် ကျွန်တော် ပြောလိုတဲ့ဆိုဒ်လေးကတော့ http://www.pdfsearchengines.com/ ဆိုတဲ့ဆိုဒ်ကလေးပါ သူက ဘာပိုလာလဲဆိုတော့ excel ပိုလာပါတယ်။ ကို ရှာချင်တဲ့ PdF, DOC, PPT, EXLတွေကို ရှာဖွေပြီးဒေါင်းယူလို့ရတဲ့ဆိုဒ်ကလေးပါ။သုံးကြည့်ရင်တော့ဘယ်ဟာကကိုနဲ့အဆင်ပြေ တယ် ဆိုတာ သိလာမှာပါ။
 ကျွန်တော်တို့ရဲကျောင်းတော်သားတွေ လာရောက်လေ့လာတဲ့သူတွေအတွက် သိထားသမျှတွေထဲကနေ မျှဝေခွင့်ရတာကို ကျေးဇူးတင်ပါတယ်။

Wednesday, 8 August 2012

ကျောင်းတော်သားများအတွက် - အပိုင်း(၁)

ကျွန်တော်တို့ကျောင်းတော်သားတွေအနေနဲ့ Paper တွေရေးနေရပြီဆိုရင်အဓိက ပြသနာပေါ်တာက   တော့ Paper တွေကို ဘယ်ကနေရှာရမလဲဆိုတဲ့ ပြသနာပါဘဲ။ ရှိပြီးသား Paper တွေက update မဖြစ်တော့ တဲ့အခါ ဘယ်ကို ဘယ်လိုလုပ်ပြီးရှာရမယ်ဆိုတာ မစဉ်းစားတတ်အောင်ဖြစ်တတ်ပါတယ်။ Paper တွေကို ရှာဖို့ ကျောင်းသားအများစု စပြီးလုပ်တာကတော့ Google မှာ ခေါင်းစဉ်တွေရိုက်ထည့်ပြီး စာရှာကြည့်တာပါဘဲ။ ကွန်နက်ရှင်ကလေးလေး နဲ့ စာ ရှာမရတာနဲ့ ပေါင်းတော့ ခေါင်းတွေပူထူလာပြီး လုပ်ချင်စိတ်မရှိတော့ဘဲ စိတ်ပျက်လာတတ်တာ ကိုယ်တွေ့ပါဘဲ။ Paper တွေ ရေးတဲ့အခါမှာ ကိုယ်ယူ လာတဲ့ စာတွေက သေချာရဲ့လားဆိုတာ ဆုံးဖြတ်ဖို့ကလည်း လိုပါသေးတယ်။ journal တွေ ကနေယူ လာတာလားTextbookတွေကနေယူလာတာလား၊Websitesကနေယူလာတာလားဘယ်ကနေဘဲယူလာယူ
လာကိုယ်ယူလာတဲ့စာကိုရေးတဲ့သူရည်ညွှန်းထားတဲ့ရည်ညွှန်းချက်များကိုပြန်ကြည့်ဖို့အတွက်မူရင်းစာကိုပြန်
ရှာလို့မရပြန်တော့ဒုက္ခရောက်ရပြန်ရော။ဒါတွေကကျောင်းတော်သားများရဲ့လူမသိတဲ့ဒုက္ခတွေပါ။ အဲဒီလို  ဖြစ်နေတာလေးကို ဖြေရှင်းဖို့ ကျွန်တော် သိသလောက် လေးနဲ့ မျှဝေပေးချင်ပါတယ်။ 
 စာရှာဘို့အလွယ်အကူဆုံးလို့ပြောလို့ရမယ့်နေရာလေးတစ်ခုကတော့ http://scholar.google.com/ ပါဘဲ။ လိုချင်တဲ့Paper ခေါင်းစဉ်ကို ရိုက်ထည့်လိုက်ရင် သူက အနီးစပ်ဆုံး တွေကို ဖော်ပြပေးပါလိမ့်မယ်။ ညာဘက်ချမ်းမှာတော့ DOC, Pdf စသည်ဖြင့် ဖော်ပြပေးထားပါတယ်။ ကိုဖတ်ကြည့်ချင်တဲ့ နေရာတွကို လိုက်ကြည့်ရင်း ဒေါင်းလို့ရနိုင်တာ တွေ့ရသလို ဒေါင်းခွင့်မပေးတာ တစ်နည်းအားဖြင့် ဝယ်ရမယ့် Paper တွေကိုလည်းတွေ့ရပါမယ်။ အဲဒီမှာတော့အနည်းဆုံး Abstract ကို တင်ပေးထားတာကို ဖတ်ကြည့် နိုင်မှာပါ။နောက်ထပ် စာရှာရလွယ်ကူမယ့်ဆိုဒ်တစ်ခုကတော့ http://onlinelibrary.wiley.com/ပါဘဲ။
ဒီဆိုဒ်ကတော့ အခမဲ့ပေးထားတဲ့ Paper တွေကို တော့ ဘေးမှာသော့ဖွင့်လျှက်ပုံစံလေးနဲ့ပြထားပြီး ဝယ်ရမယ့်Paperတွေကိုတော့ ပြမထားပါဘူး Abstract တော့ ဖတ်လို့ ဒေါင်းလို့ရပါတယ်။ ဒီပုံစံမျိုးတွေ့ရ မှာပါ။updateဖြစ်တဲ့Paperတွေကိုလည်းအခမဲ့ရတဲ့အတွက်ကျွန်တော့အနေနဲ့တော့တော်တော်ကောင်း တဲ့ ဆိုဒ်လို့ပြောရမှာပါဘဲ။စာဖတ်သူအနေနဲ့သုံးကြည့်မယ်ဆိုရင်တွေ့မှာပါ။ အခု ဆက်ပြီးပြောပြပေးမယ့် website ကတော့http://www.plosntds.org/home.action ဆိုတဲ့ ဆိုဒ်ပါဘဲ။ သူကတော့ ရှင်းတယ် သူ့ရဲ့ Web pageမှာ ကို က Open Access Freely available online လို့ကိုရေးထားတယ်။Website ထဲမှာ ကြိုက်တဲ့ Paper ရှာ တွေ့ရင် ဒေါင်းယူယုံဘဲ။ Pdf ကြိုက်ရင် ပြောင်းပြီးယူလိုက်ယုံဘဲ။ တခါထဲ ပါပြီး သားဆိုတော့ ကြိုက်သလို အဆင်ပြေသလိုသာယူပေတော့။
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကျောင်းသူကျောင်းသားများအတွက်အမှန်တကယ် အကျိုးပြုစေမယ့် Library တစ်ခု ဖြစ်ဖို့မျှော်လင့်ပါတယ်။ http://mghlaing.webs.com/ နဲ့https://www.facebook.com/groups/uvsyznmm/ မှာ Update တွေကို အမြဲတင်နိုင်ဖို့ ကြိုးစားနေသလို ဒီBlog လေးမှာလည်း အကောင်း ဆုံးဖြစ်နိုင်အောင် လုပ်ဖို့ ရည်ရွယ်ပါတယ်။လိုအပ်ချက်ဆိုတာနဲ့ မပြည့်စုံမှုဆိုတာ ရှိနေတတ်တော့ အပြုသဘောဆောင်တဲ့ အကြံပြုချက်များကိုလက္ခံကြိုဆိုပါတယ်။

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ရဲ့ ပင်မအဆောက်အဦး